မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့ Yangpu ရပ်ကွက် “ပေါ်ပလာပင် သီအိုရီ ရှင်းလင်းဖော်ပြရေးအဖွဲ့” အဖွဲ့ဝင်အားလုံးထံသို့ ပြန်စာ ပို့ပေးခဲ့ပါသည်။
ရှီကျင့်ဖိန် ၏ စာတွင် ခင်ဗျားတို့သည် မျက်မြင်ကိုယ်တွေ့မှုများကို ပေါင်းစပ်ပြီး ရှန်ဟိုင်းမြို့သူမြို့သားများ အား သမိုင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏သီအိုရီနှင့် ရှန်ဟိုင်းမြို့၏ တိုးတက်ပြောင်းလဲမှုများ ကို ရှင်းလင်းဖော်ပြကာ အဓိပ္ပါယ်ရှိလှကြောင်း ဖော်ပြထားပါသည်။
ပြည်သူများသည် ပြည်သူ့မြို့ကို တည်ဆောက်ပြီး ပြည်သူ့မြို့သည် ပြည်သူများ အတွက် ဝန်ဆောင်မှုပေးကြောင်း၊ ခင်ဗျားတို့သည် အနီးအနားမှာ မြင်တွေ့ရမှုများကို ဆက်လက် ပြောပြပြီး မြို့သူမြို့သားများကို ဦးဆောင်ကာ ပြည်သူ့မြို့သဘောတရားကို အကောင် အထည်ဖော်ရန်၊ မြို့၏တည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး အေးချမ်းသင့်မြတ်သော လှပသည့်မြို့များကို အတူတကွ တည်ဆောက်ကာ ချမ်းသာသုခရှိသော နေထိုင်မှုဘဝကို အတူတကွဖန်တီးကြရန် မျှော်လင့် ကြောင်းလည်း အလေးထားဖော်ပြထားပါသည်။
မကြာသေးမီက “ပေါ်ပလာပင် သီအိုရီ ရှင်းလင်းဖော်ပြရေးအဖွဲ့”သည် ရှီကျင့်ဖိန် ထံသို့ စာတစ်စောင် ပို့ပေးခဲ့ရာ သီအိုရီရှင်းလင်းဖော်ပြခြင်းအခြေအနေကို တင်ပြပြီး တရုတ် ကွန်မြူနစ်ပါတီဝင်များ၏ အခန်းကဏ္ဍကို ဆက်လက် ဖော်ထုတ်ကာ ရှန်ဟိုင်းပြည်သူ့ မြို့ တည်ဆောက်ရေးအတွက် အကျိုးပြုစွမ်းဆောင်ရန် သန္နိဋ္ဌာန် ကို ဖော်ပြထားပါသည်။
ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့ Yangpu ရပ်ကွက် “ပေါ်ပလာပင် သီအိုရီ ရှင်းလင်းဖော်ပြရေး အဖွဲ့”အဖွဲ့ဝင်အားလုံးထံသို့ ပြန်စာပို့
(GMT+08:00)2024-11-04 14:12:08