၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ National Exhibition and Convention Center တွင် ကျင်းပမည်ဖြစ်သည်။ ကုန်စည်ပြပွဲတွင် အစားအသောက်နှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ မော်တော်ကား၊ ဉာဏ်ရည်တုနှင့် သတင်းအချက်အလက်နည်းပညာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုများပါ ဝင်ပြသမည်ဖြစ်သည်။
ထို့နောက်ယခုနှစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ပါဝင်ပြမည်ဖြစ်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင်နည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပေါင်းစည်းမှုစသည့် အရေးပါသည့်အကြောင်းအရာများနှင့် အတူ ပြပွဲတွင် ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကို ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဝေယံ(သုတေသန)