အင်ဒိုနီးရှားမှ လီဝါတိုဘီ မီးတောင် ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပြိုကျပြီး လူ ၆ ဦး သေဆုံး

(GMT+08:00)2024-11-04 14:16:13  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၄ ရက်နေ့ မိုးလင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂရာပြည်နယ်ရှိ လီဝါတိုဘီ မီးတောင် ပေါက်ကွဲခဲ့ခြင်းကြောင့် အနီးနားရှိ နေအိမ်တစ်လုံး ပြိုကျခဲ့ပြီး နေအိမ်အတွင်းမှ လူ ၆ ဦး သေဆုံးသွားကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးဌာနမှ သတင်းအရ သိရပါသည်။ မီးတောင်အနီးနားရှိ ကျေးရွာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီဖြစ်ကြောင်း ဒေသခံ အစိုးရအရာရှိက ပြောကြားခဲ့သည်။