တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၁ရက်နေ့ ညနေပိုင်းက ပြည်သူ့ ခန်းမဆောင်ကြီးတွင် အသစ် အရွေးခံရပြီး ဗဟို အစိုးရမှ ခန့်အပ်ခြင်း ရရှိသည့် မကာအို အထူး အုပ်ချုပ်ရေး ဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူး Sam Hou Faiနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ မကာအို အလွှာပေါင်းစုံနှင့် ပြည်သူများ သဘောထားက ယင်းသည် မကာအို၏ စည်ပင်သာယာရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဗဟို အစိုးရမှ ခိုင်မာပြတ်သားသော အားပေးထောက်ခံမှုနှင့် နက်ရှိုင်းသော ဂရုစိုက်မှုကို အပြည့်အဝ ပြသနေကြောင်း၊ မကာအို အလွှာပေါင်းစုံတို့သည် သမ္မတ ရှီကျင့်ဖိန်မှ အရေးကြီး မိန့်ခွန်း၏ ဦးဆောင်မှုဖြင့် အထူး အုပ်ချုပ်ရေး ဒေသ အစိုးရနှင့် အုပ်ချုပ်ရေးမှူးသစ်၏ စီမံအုပ်ချုပ်ရေးကို အစွမ်းကုန် အားပေးထောက်ခံပြီး မကာအို၏ “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” လုပ်ငန်း၏ အခန်းကဏ္ဍသစ်ကို ထပ်မံ ဖွင့်လှစ်ရန် အကျိုးပြုမှုသစ်များကို စွမ်းဆောင်ကြမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။
သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းသည် မကာအို၏ “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” လုပ်ငန်း၏ အခန်းကဏ္ဍသစ်ကို ထပ်မံ ဖွင့်လှစ်ရန် ဦးဆောင်မှု ပေးမည်ဟု မကာအို အလွှာပေါင်းစုံနှင့် ပြည်သူများမှ သဘောထားယူဆကြ
(GMT+08:00)2024-11-03 12:45:09