သတ္တမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ ရှန်ဟိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက် အရ မလေးရှား ဝန်ကြီးချုပ် Anwar၊ ဥဇဘက္ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Aripov၊ စလိုဗက်ကီးယား နိုင်ငံ ဝန်ကြီးချုပ် Fico၊ ကာဇာတ်စတန် နိုင်ငံ ဝန်ကြီးချုပ် Bektenov၊ မွန်ဂိုးလီယား နိုင်ငံ ဝန်ကြီးချုပ် Oyun-Erdeneနှင့် ဆာဗီးယား နိုင်ငံ ဝန်ကြီးချုပ် Vucevic အပါအဝင် နိုင်ငံခြား ခေါင်းဆောင်များသည် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် သက်ဆိုင်ရာ လှုပ်ရှားမှုများသို့ တက်ရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ထုတ်ဖော် ပြောကြားခဲ့သည်။
မလေးရှား ဝန်ကြီးချုပ် Anwar အပါအဝင် နိုင်ငံခြား ခေါင်းဆောင်များသည် သတ္တမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်မည်
(GMT+08:00)2024-11-03 18:06:33