စပိန်သည် ရာစုနှစ် ရေလွှမ်းမိုးမှုကို ခံခဲ့ရ

(GMT+08:00)2024-11-03 12:38:48  

    စပိန်အစိုးရ၏ နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ စပိန်အရှေ့တောင်ပိုင်း၌ ရေကြီးမှုကြောင့် သေဆုံးသူ ၂၁၁ ဦးအထိ တိုးများလာပြီး ၎င်းအနက် ဘေးသင့်မှုအဆိုးရွားဆုံးခံရသည့် Valencia ဒေသတွင် သေဆုံးသူ ၂၀၈ ဦးအထိ ရှိလာခဲ့သည်ဟု သိရပါသည်။ စပိန်နိုင်ငံ ဝန်ကြီးချုပ် Sanchez က စပိန်အစိုးရသည် နောက်ထပ် စစ်သည်နှင့် ရဲ ၁၀၀၀၀ တို့ကို ဘေးသင့်ဒေသသို့ စေလွှတ်သွား မည်ဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။