ဒေသစံတော်ချိန် ယခုလ ၂ ရက်နေ့က ကုလသမဂ္ဂ ဇီဝမျိုးစုံတည်ရှိရေးစာချုပ် အဖွဲ့ဝင် ၁၆ ကြိမ်မြောက်ညီလာခံ(COP16)၏ တရားဝင်ဝက်ဘ်ဆိုဒ်သည် သတင်းထုတ်ပြန်ပြီး၊ ညီလာခံ တွင် ရလဒ်ဆိုင်ရာ သဘောတူစာချုပ်များကို အတည်ပြုခဲ့ကြောင်း၊ ၎င်းထဲမှ တစ်ရပ်မှာ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေဖြစ်သည့် Cali Fund ကို တည်ထောင်ဖန်တီးခြင်းဖြစ်ပြီး၊ ယင်း ရန်ပုံငွေကို မျိုးရိုးဗီဇဆိုင်ရာ အရင်းအမြစ်များအပေါ် ဒစ်ဂျစ်တယ်အစီအစဉ် အချက်အလက် များကို အသုံးပြုခြင်းမှ ထွက်ပေါ်လာသော အကျိုးအမြတ်များကို တရားမျှတပြီး မျှမျှတတ ခွဲဝေပေးခြင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သိရပါသည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံတည်ရှိရေးစာချုပ် အဖွဲ့ဝင် ၁၆ ကြိမ်မြောက် ညီလာခံ၌ ရလဒ်ဆိုင်ရာ သဘောတူစာချုပ်များစွာ အတည်ပြု
(GMT+08:00)2024-11-03 12:39:35