Li Xi သည် အီတလီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်

(GMT+08:00)2024-11-03 12:37:03  

အီတလီ အထက်လွှတ်တော်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟို စည်းကမ်း ကြီးကြပ်စစ်ဆေးရေး ကော်မတီ အတွင်းရေးမှူး Li Xi သည် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ အီတလီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ရောမမြို့၌ အီတလီ အထက်လွှတ်တော် ဥက္ကဋ္ဌ Ignazio La Russa နှင့် အီတလီ အစိုးရ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့နှင့် အသီးသီး တွေ့ဆုံခဲ့ကြသည်။