စပိန်နိုင်ငံ၌ ပြင်းထန်သောမိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းအတွက် နိုဝင်ဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် စပိန်ဘုရင် Felipe VI ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က စပိန်နိုင်ငံ နေရာဒေသအများအပြားတွင် မိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူသေကျေအနာတရဆုံးရှုံးမှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ခြင်းကို ကြားရပြီးနောက် တုန်လှုပ်မိကြောင်း၊ တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲမိကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများ အား စာနာစွာ အားပေးကြောင်း ဖော်ပြပြီး ဘုရင် Felipe VI နှင့် စပိန်အစိုးရတို့၏ ဦးဆောင်မှုဖြင့် သဘာဝဘေးသင့်ဒေသရှိ ပြည်သူများသည် သဘာဝဘေးဒဏ်ကို ကျော်လွှားနိုင်ပြီး အိုးအိမ်များကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြပါ သည်။