နိုဝင်ဘာလ ၁ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟိုလိဖုန်းသည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် သြစတြေးလျစီးပွားရေးအသိုက်အဝန်းမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံခဲ့ပါသည်။
ဟိုလိဖုန်းက တရုတ်နှင့် သြစတြေးလျတို့၏ စီးပွားရေးသည် အပြန်အလှန် ဖြည့်စွက်မှု များစွာရှိပြီး နှစ်ဖက်တို့၏ အကျိုးစီးပွားများ မြင့်မားစွာ အပြန်အလှန်ပေါင်းစပ်နေကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိရောက်စွာ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ သြစတြေးလျကုမ္ပဏီများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေးနှင့် အခြားနယ်ပယ်များတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန်၊ တရုတ်ပုံစံ ခေတ်မီတိုးတက်ရေးမှ ယူဆောင်လာသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေရန်နှင့် အပြန်အလှန်အကျိုးရလဒ်များရရှိရန် ကြိုဆိုပါကြောင်း ပြောကြားပါသည်။