မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များကို အားကောင်းစေပြီး လက်တုံ့ပြန်သည့် နျူကလီးယား တိုက်ခိုက်မှု အနေအထားကို မြှင့်တင်ရန် လိုအပ်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဆို

(GMT+08:00)2024-11-02 12:32:19  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Huiက ကိုရီးယားကျွန်းဆွယ် အခြေအနေသည် အချိန်မရွေး "ပေါက်ကွဲမှု" ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နှင့် ဆွေးနွေးပွဲမစတင်မီတွင်  ပြောကြားခဲ့သည်။

Choe Son Huiက အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီယားအား နျူကလီယား တိုက်ခိုက်မှု ပြုလုပ်ရန် လျှို့ဝှက်စွာ စီစဉ်နေကြကြောင်း၊ မြောက်ကိုးရီးယားဘက်သည် နျူကလီးယားလက်နက်များကို အားကောင်းစေပြီး လက်တုံ့ပြန်သည့် နျူကလီးယား တိုက်ခိုက်မှု အနေအထားကို မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။