တရုတ်နိုင်ငံသည် သွင်းကုန်ကုန်စည်ပြပွဲကို အခွင့်အလမ်းယူပြီး တရုတ်ဈေးကွက်ကြီး၏ အခွင့်အလမ်းကို သောင်းနှင့်ချီသော မိသားစုများအား မျှဝေခံစားစေလိုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-11-02 16:19:39  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တရုတ်နိုင်ငံသည် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို အခွင့်အလမ်းယူပြီး ပူးပေါင်းဆောင်ရွက်ရေး အမည်စာရင်းကို ပိုမိုရှည်လျားစေကာ၊ တရုတ်ဈေးကွက်ကြီး၏ အခွင့်အလမ်းကို နိုင်ငံအသီးသီးတို့နှင့် အတူခံစား၍ သောင်းနှင့်ချီသော မိသားစုများအား အကျိုးမျှဝေစေလို ကြောင်း ယခုလ ၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

လင်ကျန့်က တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ကျင်းပခြင်းသည် တရုတ်နိုင်ငံမှ တံခါးဖွင့်မှုကို တိုးချဲ့ရန်အတွက် အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်ရုံ သာမက၊  တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေးတည်ဆောက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံမှ လက်တွေ့ကျသော လုပ်ဆောင်ချက်လည်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။