တရုတ်နိုင်ငံနှင့် နိုင်ငံရပ်ခြားနိုင်ငံများအကြား ဝန်ထမ်းများ ကူးလူးဖလှယ်မှု ပိုမိုမြှင့်တင်နိုင်စေရန်အတွက် တရုတ်နိုင်ငံသည် ဗီဇာကင်းလွတ်သော နိုင်ငံများ တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ စလိုဗက်ကီးယား၊ နော်ဝေး၊ ဖင်လန်၊ ဒိန်းမတ်၊ အိုက်စလန်၊ အန်ဒိုရာ၊ မိုနာကို၊ လစ်ချ်တင်စတိန်းနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို စမ်းသပ်ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန် ရေးရာ ဦးစီးဌာနမှ သတင်းအရ သိရသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြပါသည်။
စလိုဗက်ကီးယား အပါအဝင် နိုင်ငံ ၉ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို တရုတ်နိုင်ငံက စမ်းသပ်ပြုလုပ်မည်
(GMT+08:00)2024-11-02 12:38:51