အောက်တိုဘာလ ၂၅ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang wen tao သည် ဥရောပသမဂ္ဂကော်မရှင် ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ၊ ကုန်သွယ်ရေးကော်မတီဝင် Dombrovskis နှင့် ဗီဒီယိုဖြင့် ဆွေးနွေးပြီးနောက် တရုတ်၊ ဥရောပနည်းပညာအဖွဲ့ သည် ဥရောပသမဂ္ဂမှ တရုတ် လျှပ်စစ်မော်တော်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှု ဈေးနှုန်းဆိုင်ရာ နောက်တစ်ကြိမ် ညှိနှိုင်းမှု ချက်ချင်းစတင်လိုက်ပြီဖြစ်ကြောင်း၊ ကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပြီးနောက် တရုတ်သို့ လာရောက်ပြီး သက်ဆိုင်ရာမူကြမ်း၏ အသေးစိတ် အကြောင်းအရာများနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ဥရောပဘက်မှ ဖော်ပြကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ နိုဝင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
ဥရောပသမဂ္ဂမှ တရုတ်သို့ အမှုထမ်းစေလွှတ်ပြီး လျှပ်စစ်မော်တော်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်မှုဆိုင်ရာ ဈေးနှုန်းညှိနှိုင်းမည်ဆိုခြင်းအပေါ် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တုံ့ပြန်ပြောကြား
(GMT+08:00)2024-11-02 16:20:38