တရုတ်-အမေရိကန် ငွေကြေးဆိုင်ရာ လုပ်ငန်းအဖွဲ့သည် ခြောက်ကြိမ်မြောက် အစည်းအဝေးကို ကျင်းပ

(GMT+08:00)2024-11-01 15:42:26  

တရုတ်-အမေရိကန် ငွေကြေးဆိုင်ရာ လုပ်ငန်းအဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလ နှစ်ပတ်လည် အစည်းအဝေးများ အတောအတွင်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ဆဋ္ဌမအကြိမ်မြောက် အစည်း အဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးကို တရုတ်ပြည်သူ့ဘဏ် ဒုတိယဥက္ကဋ္ဌ Xuan Changneng နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက် ဝန်ကြီး Brent Neiman တို့က ပူးတွဲကြီးမှူးကျင်းပခဲ့ပါသည်။ 

 နှစ်ဖက်တို့သည် မက်ခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေ၊ ငွေကြေးနှင့် ဘဏ္ဍာ ရေးမူဝါဒများ၊ ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် ကြပ်မတ်ရေး၊ အရင်းအနှီးဈေးကွက်များ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ ငွေ ရင်းနှီး မြှုပ်နှံမှု တိုက်ဖျက်ရေးနှင့် အခြားသော နှစ်ဖက်စလုံး ဂရုစိုက်ကြသော ဘဏ္ဍာရေးမူဝါဒဆိုင်ရာ အကြောင်း အရာများနှင့် ပတ် သက်၍ ပရော်ဖက်ရှင်နယ်၊ လက်တွေ့ကျသော၊ ပွင့်ပွင့်လင်းလင်းနှင့် အပြု သဘော ဆောင် သော ကူးလူးဖလှယ်မှုများ ပြုလုပ်ခဲ့ပါသည်။