စပိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ အနည်းဆုံး ၁၅၈ဦး သေဆုံး

(GMT+08:00)2024-11-01 15:43:20  

စပိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၅၈ ဦး သေဆုံးပြီး၊ မိသားစု ၁သိန်း ၅သောင်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် စပိန်နိုင်ငံ အစိုးရ သတင်းရင်းမြစ်များမှ သိရှိရပြီး၊ စပိန်အစိုးရသည် အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်၍ သုံးရက်ကြာ နိုင်ငံတော် ဝမ်းနည်းခြင်းကာလသို့ ဝင်ရောက်သည်ဟု ကြေညာခဲ့ပါသည်။

ယခုအကြိမ် မိုးသည်းထန်စွာ ရွာသွန်းမှုသည် အောက်တိုဘာလ ၂၉ ရက်နေ့မှစပြီး ၃၀ ရက်နေ့အထိ ဆက်လက်ရွာသွန်းခဲ့သောကြောင့် စပိန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသတွင် ရေကြီးမှုများဖြစ်စေခဲ့ပါသည်။ လက်ရှိအချိန်တွင် စပိန်အစိုးရသည် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးတွင် ပါဝင်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ လူပေါင်း ၂၀၀၀ ကျော်ကို အရေးပေါ် စေလွှတ်ထားပြီး ကယ်ဆယ်ရေးယာဉ် ၃၀၀ ကျော်နှင့် လေကြောင်းအင်အားကို လည်း အသုံးပြုထားကြောင်း သတင်းအရ သိရှိရ သည်။