ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံမှ လျှပ်စစ်ကားများအပေါ် အခွန် တိုးကောက်ခြင်း အား ဥရောပ မော်တော်ကားလုပ်ငန်းများက အစွမ်းကုန် ဆန့်ကျင်

(GMT+08:00)2024-11-01 15:44:09  

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ကြီးမားသော သဘောကွဲလွဲမှုနှင့် ဥရောပ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ၏ ပြင်းထန်သော ဆန့်ကျင်မှုများကို လျစ်လျူရှုပြီး ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံမှ တင်သွင်းသော လျှပ်စစ်ကားများအပေါ် ငါးနှစ်ကြာ နောက်ဆုံး ထောက်ပံ့ ကြေး ပေးမှု ဆန့်ကျင်ရေးဆိုင်ရာ အခွန်များကို တိုးကောက်မည်ဟု ဆုံးဖြတ်ကြောင်း အောက်တိုဘာလ ၂၉ရက်နေ့တွင် ဖော်ပြခဲ့သည်။

ယင်းလုပ်ရပ်သည် ဂျာမနီနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်သည် ဥရောပ-တရုတ် ဖလှယ်ရေးနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်ရုံသာမက ဥရောပ မော်တော်ကားလုပ်ငန်း၏ အသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်မှုကိုလည်း နှောင့်နှေး စေကာ ဥရောပတိုက်မှ အရေးပေါ် အရှိန်မြှင့်ရန် လိုအပ်နေသည့် အစိမ်းရောင် အသွင်ကူးပြောင်းမှု ကို လည်း  တားဆီးစေကြောင်း ဂျာမနီ မော်တော်ကားလုပ်ငန်းများက ဖော်ပြကြပါသည်။