မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာလ ၃၁ ရက်နေ့တွင် စမ်းသပ် ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် Hwasong-19 တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် ဖြစ်သည်ဟု China Media Groupမှ သတင်းထောက်က နိုဝင်ဘာလ ၁ ရက်နေ့မှာ သတင်းရရှိပါသည်။
ယင်းဒုံးကျည်၏ ပျံသန်းမှု အမြင့်ဆုံးနေရာသည် ၇၆၈၇.၅ ကီလိုမီတာ ဖြစ်ပြီး ၅၁၅၆ စက္ကန့်ကြာ ၁၀၀၁.၂ ကီလိုမီတာ ပျံသန်းပြီးနောက် နိုင်ငံတကာ ရေပိုင်နက်တွင် တိကျမှန်ကန်စွာ ကျရောက်ခဲ့ကြောင်း၊ ယခုအကြိမ် စမ်းသပ်ပစ်လွှတ်ခြင်းသည် မြောက်ကိုရီးယား၏ စစ်ဗျူဟာသုံး ဒုံးကျည် စွမ်းအား၏ စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းက ယခုအကြိမ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု အောင်မြင်ခြင်းသည် မြောက်ကိုရီးယား၏ အမျိုးတူ နျူကလီးယားဒုံးကျည် သယ်ဆောင်ကိရိယာ သုတေသန ထုတ်လုပ်ရေးနယ်ပယ်တွင် အားသာချက်နေရာကို ကမ္ဘာကြီးအား အောင်မြင်စွာ ပြသနိုင်ခဲ့ကြောင်း ဒုံးကျည် လွှတ်တင်ရေးနေရာ၌ ပြောကြားခဲ့သည်။