Qiushi မဂ္ဂဇင်းတွင် "အရည်အသွေးမြင့်မားသော အပြည့်အဝ အလုပ်အကိုင် နေရာချထားရေးကို တွန်းအားပေးခြင်း" ခေါင်းစဉ်ဖြစ်သည့် ရှီကျင့်ဖိန်၏ ဆောင်းပါးကို ထုတ်ပြန်

(GMT+08:00)2024-11-01 15:35:21  

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်းတွင် "အရည်အသွေးမြင့်မားသော အပြည့်အဝ အလုပ်အကိုင် နေရာချထားရေးကို တွန်းအားပေးခြင်း" ခေါင်းစဉ်ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါးကို ထုတ်ပြန်ခဲ့ပါသည်။

   ယင်းဆောင်းပါးတွင် အလုပ်အကိုင် နေရာချထားရေးသည် အိမ်မှု အကြောင်းကိစ္စ ဖြစ်သလို နိုင်ငံ၏ အကြောင်းကိစ္စလည်း ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ပါတီကော်မတီနှင့် အစိုးရ ဌာနများသည် အလုပ်အကိုင် နေရာချထားရေးကို ပြည်သူ့ရေးရာ၏ အရေးကြီး ဆုံးသော အကြောင်းအဖြစ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးကို အားဖြည့်ပြီး စနစ်များ ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ စုစည်းညီညွတ်မှုများကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အလုပ်အကိုင် နေရာချထားရေး သီအိုရီ စည်းစနစ်ကို ပိုမို မြန်ဆန်စွာ စီမံ တည်ဆောက်ရမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အလုပ်အကိုင် နေရာ ချထား ရေး လုပ်ငန်းများကို ကောင်းမွန်စွာ ဖော်ဆောင်ပေးကာ တရုတ်နိုင်ငံ၏ အလုပ်အကိုင် နေရာ ချထားရေးနယ်ပယ်တွင် နိုင်ငံတကာ၌ ပြောဆိုပိုင်ခွင့်နှင့် သြဇာ ညောင်းမှုကို ထိရောက်စွာ မြှင့်တင်ပေးရမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။