မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေနှင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် အကြီးစား ပူးတွဲ လေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-11-01 15:37:29  

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၁ ရက်နေ့က မြောက်ကိုရီးယား၏ တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေနှင့် ထိုနေ့ မွန်းလွဲပိုင်းတွင် တောင်ကိုရီးယားနှင့် အမေရိကန်လေတပ်တို့သည် အကြီးစား ပူးတွဲ လေကြောင်း စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းအရ သိရပါသည်။

ထိုနေ့ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနှင့် အမေရိကန် လေတပ်မှ လေယာဉ်နှင့် မောင်းသူမဲ့လေယာဉ် စုစုပေါင်း ၁၁၀ ကျော်သည် ကိုရီးယားကျွန်းဆွယ် အနောက်ဘက် ပင်လယ်ပြင်နှင့် အလယ်ပိုင်း ကုန်းတွင်းလေပိုင်နက်တွင် အကြီးစား ပူးတွဲ တိုက်ခိုက်မှု အသင်း ဖွဲ့စည်းပြီး နည်းဗျူဟာမြောက် ပျံသန်းမှုနှင့် တိကျစွာ ဗုံးကြဲ တိုက်ခိုက်မှု အမျိုးမျိုးကို လေ့ကျင့်ခဲ့ကြောင်း သတင်းအရ သိရပါသည်။