မကြာခင်က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ကာ အမေရိကန်ဟာ ဒေါ်လာ ၈ သန်း ထုတ်ပေးပြီး ဖိလစ်ပိုင်ရဲ့ ပင်လယ်ကမ်းခြေစောင့် ရဲတပ်ရဲ့ ခေတ်မီရေး အဆင့်မြှင့်တင်မှုကို အကူအညီ လုပ်ပေးမယ်လို့ ဖော်ပြခဲ့တယ်။
အပေါ်ယံမှ ကြည့်ခြင်းအားဖြင့် အဲဒါဟာ ဖိလစ်ပိုင်က အမေရိကန်ရဲ့ အင်ဒို ပစိဖိတ် မဟာဗျူဟာ ဆိုတာကို လိုက်လံကာ တောင်ပင်လယ်မှာ ရန်စမှုတွေ ပြုလုပ်ခဲ့ပြီး ရရှိခဲ့တဲ့ ကောင်းကျိုးရလဒ် တစ်ခု ဖြစ်တယ်။ အမှန်တော့ အဲဒီ ကောင်းကျိုးရဲ့ နောက်ကွယ်မှာ ဖိလစ်ပိုင်က ပိုမိုများပြားတဲ့ ဆိုးကျိုးတွေကိုသာ ခံရ ပါလိမ့်မယ်။
ဒီနှစ် ဧပြီလမှာ အမေရိကန်က အမေရိကန်-ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ အခွင့်ကောင်းကိုယူပြီး Typhon တိုက်ချင်း တာလတ်ပစ် ဒုံးကျည်စနစ်ကို ဖိလစ်ပိုင် luzon ကျွန်းမှာ ချထားခဲ့တယ်။ အမေရိကန်က အဲဒါဟာ ဖိလစ်ပိုင်အတွက် လုံခြုံမှု ဆောင်ကြဉ်းပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် နျူကလီးယား ပိုင်ဆိုင်တဲ့ နိုင်ငံကြီး တစ်နိုင်ငံက စစ်ဗျူဟာသုံး ထိုးစစ်ဆင် လက်နက်ကို အခြားနိုင်ငံရဲ့ တံခါးဝမှာ ချထားပေးတာဟာ ဘာကို ဆောင်ကြဉ်းနိုင်မလဲ။ အဲဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ပြင်းထန်စွာ အန္တရာယ် ဖြစ်စေပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေကို ဖြစ်စေမှာ မုချဧကန်ပါပဲ။ အနီးပတ်ဝန်းကျင် နိုင်ငံများစွာတို့ရဲ့ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့် ဇူလိုင်လမှာ ဖိလစ်ပိုင် ကြည်းတပ် ပြောရေးဆိုခွင့်ရှိသူက Typhon စနစ်ကို စက်တင်ဘာလအတွင်း အမေရိကန်သို့ ပြန်ပို့မယ်လို့ ကြေညာခဲ့တယ်။ ဒါပေမယ့် မကြာခင်ကပဲ ပြောရေးဆိုခွင့်ရှိသူက Typhon စနစ်ကို ဖိလစ်ပိုင်မှာ ဘယ်လောက်ကြာ ချထားမလဲ ဆိုတာကို အမေရိကန်ကပဲ ဆုံးဖြတ် မယ်လို့ ပြောခဲ့တယ်။
အိမ်နီးနားချင်းနိုင်ငံများက ဖိလစ်ပိုင်ရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေကြပြီး ဖိလစ်ပိုင် ပြည်တွင်းမှာလည်း အဲဒီလုပ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်နေကြတယ်။ ဖိလစ်ပိုင် သမ္မတရဲ့ အစ်မ ဖြစ်သူ၊ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ Amy က Marcos အစိုးရဟာ ဖိလစ်ပိုင်ကို အန္တရာယ် ရှိတဲ့ လမ်းလွဲသို့ ဝင်ရောက် စေတယ်လို့ ပြောခဲ့တယ်။ ဖိလစ်ပိုင် အထက်လွှတ်တော် အနည်းစုပါတီများ ခေါင်းဆောင် Aquilino Pimontel III က အဲဒီ ဒုံးကျည်များရဲ့ ခလုတ် ဖိလစ်ပိုင်ရဲ့ လက်ထဲမှာ ရှိတာ မဟုတ်ဘဲ နိုင်ငံခြားသားက ဘယ်အချိန်မှာ ဖိလစ်ပိုင်ကို စစ်မြေတစ်ခု ဖြစ်စေနိုင်မလဲ ဆိုတာကို ဆုံးဖြတ် နိုင်တယ်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်က အမေရိကန်မှ ရရှိတာဟာ ကောင်းကျိုး ဖြစ်တာလား၊ ဆိုကျိုးဖြစ်တာလား။ ဖိလစ်ပိုင်အစိုးရက ဒီအတိုင်း ဆက်လက် လုပ်ဆောင်ပါက ဖိလစ်ပိုင်က နိုင်ငံကြီး အားပြိုင်မှုရဲ့ အမြောက်စာ ဖြစ်လိမ့်မည့်အပြင် ပြည်တွင်း ပဋိပက္ခများနဲ့ လူမှုရေး ကွဲပြားမှုများကိုလည်း ပြင်းထန်ဆိုးဝါးသွားစေမှာ သေချာပေါက် ဖြစ်ပါကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။