နိုဝင်ဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ်စော်ဘွားများနိုင်ငံ သမ္မတ မူဟာမက်တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံသည် အပြန်အလှန် ယုံကြည်အားကိုးသော မိတ်ဆွေကောင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း၊ မိမိသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို အလွန် အလေးထားပြီး အဆွေတော် သမ္မတနှင့်အတူ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆင့်သစ်သို့ မြှင့်တင်ရန် ကြိုးပမ်းလိုပါကြောင်း ဖော်ပြထားပါသည်။
မူဟာမက်၏ သဝဏ်လွှာတွင် အာရပ်စော်ဘွားများနိုင်ငံသည် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ခိုင်ခံ့ တိုးတက်လာရန်နှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးဆောင်ပေးရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။