ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရံစစ်မှုထမ်းများ စီမံအုပ်ချုပ်ရေးဆိုင်ရာ ယာယီ စည်းမျဉ်းများ ကို လက်မှတ်ရေးထိုးပြီး ထုတ်ပြန်

(GMT+08:00)2024-11-01 15:41:44  

မကြာမီက တရုတ် ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရံစစ်မှုထမ်းများ စီမံအုပ်ချုပ်ရေး ဆိုင်ရာ ယာယီ စည်းမျဉ်းများ ကို လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့သည်။

   အရံစစ်မှုထမ်းများ စီမံအုပ်ချုပ်ရေးဆိုင်ရာ ယာယီစည်းမျဉ်းများ ထုတ်ပြန်ခြင်းနှင့် အကောင် အထည်ဖော်ခြင်းသည် စစ်ဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်မူဝါဒများနှင့် စနစ် များ ပြုပြင်ပြောင်းလဲမှု၏ အရေးကြီးသော အောင်မြင်မှုရလဒ်ဖြစ်ပြီး အရံစစ်မှုထမ်းများ စီမံအုပ်ချုပ်မှု၏ ဥပဒေ စိုးမိုးခြင်း၊ စံကိုက်ခြင်းနှင့် သိပ္ပံနည်းကျခြင်း အရည်အချင်းကို ဘက်စုံ မြှင့်တင် ရန်နှင့် အရည် အသွေးမြင့် ပရော်ဖက်ရှင်နယ် အရံစစ်မှုထမ်းများအဖွဲ့ ပြုစုပျိုးထောင်ခြင်းကို အရှိန်မြှင့်ရန် အလွန် အရေးကြီး ပါသည်။