ပီရူးနိုင်ငံ၌ China Media Group ပရီမီယံ အစီအစဉ်များ ထုတ်လွှင့်ပြသရေး လှုပ်ရှားမှုကို စတင်ကျင်းပ

(GMT+08:00)2024-11-01 15:38:44  

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့က China Media Group(CMG) မှ ပရီမီယံ အစီအစဉ်များ ထုတ်လွှင့်ပြသရေး လှုပ်ရှားမှုကို ပီရူးနိုင်ငံ လီမာမြို့၌ စတင်ကျင်းပခဲ့ရာ CMG မှ ပရီမီယံ အစီအစဉ် ၂၀ ကျော်ကို ပီရူးနိုင်ငံမှ အဓိက မီဒီယာများတွင် ဆက်တိုက် ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ပီရူးနိုင်ငံ ဝန်ကြီးများ ကောင်စီ သဘာပတိ၊ ဝန်ကြီးချုပ် Gustavo Lino Adrianzén Olaya နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong တို့သည် ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့ကြပါသည်။

Gustavo Lino Adrianzén Olaya က CMG သည် ပီရူး ပရိသတ်များအတွက် တရုတ်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ် အမျိုးမျိုးကို ယူဆောင်လာခြင်းအပေါ် ဝမ်းမြောက်မိကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုကို ပိုမို တိုး တက် စေ မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Shen Haixiong က CMG နှင့် ပီရူး မီဒီယာများ ယခုအကြိမ်ပရီမီယံ အစီအစဉ်များ ထုတ်လွှင့်ပြသရေး လှုပ်ရှားမှုကို ပြုလုပ်ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရန်၊ တရုတ်နှင့် ပီရူးနိုင်ငံတို့အကြား လူမှု ယဉ်ကျေးမှု ကူးလူး ဖလှယ် ရေး ပိုမို ရင်းနှီးစေရန်၊ တရုတ်-ပီရူး ချစ်ကြည်ရင်းနှီးမှုကို နှစ်နိုင်ငံ ပြည်သူများ၏ စိတ်နှလုံးတွင် ပိုမို နက်ရှိုင်းစွာ အမြစ်တွယ်စေရန် နှင့် ပိုမို ကောင်းမွန်သော တရုတ်-ပီရူး ဆက်ဆံရေး အနာဂတ်သစ်ကို အတူတကွ ဖန်တီးကြရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။