လက်ဘနွန် Hezbollahပါတီသည် ခေါင်းဆောင်သစ်ကို ခန့်အပ်၊အစ္စရေး ကာကွယ်ရေး ဝန်ကြီးက “ခေါင်းဖြတ်” ဆောင်ရွက်မှု ဆက်လက် ပြုလုပ်မည်ဟု ခြိမ်းခြောက်

(GMT+08:00)2024-10-31 13:22:18  

အောက်တိုဘာလ ၂၉ရက်နေ့က လက်ဘနွန် Hezbollahပါတီက ဒုတိယအထွေထွေ အတွင်းရေးမှူး Naim Qassemသည် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော Hassan Nasrallah၏တာဝန်ကို ဆက်လက်ထမ်းဆောင်ပြီး Hezbollahပါတီ ခေါင်းဆောင်သစ်အဖြစ် ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ Hezbollahပါတီသည် “အောင်ပွဲ ထိ ရောက် အောင်” ဆိုတဲ့ Nasrallah၏ မူဝါဒ အရ ဆက်လက်လုပ်ဆောင်ရန် ကျိန်ဆိုခဲ့ ပါသည်။

ယခုလ ၂၉ရက်နေ့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး Gallantသည် လူမှုကွန်ရက်မီဒီယာတွင် Qassem၏ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် “ယာယီ ခန့်အပ်ပြီး ရေရှည်မည်မဟုတ်”ဟု ရေးသားထားပါသည်။ နောက်တစ်ပုဒ်တွင် ၎င်းက ဟီးဘရူးဘာသာဖြင့် “countdown စတင်ပါပြီ”ဟု ရေးထားပါသည်။ APသတင်းဌာနမှ ရှင်းပြချက်အရ အစ္စရေးစစ်တပ်သည် Hezbollahပါတီမှ အခြားသော အဆင့်မြင့်အရာရှိများကို လုပ်ကြံသတ်ဖြတ်သကဲ့သို့ Qassemကိုလည်း လုပ်ကြံသတ်ဖြတ် မည်ဟု Gallantက Qassemအား စာဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း သိရပါသည်။