ဥရောပသမဂ္ဂမှ တရုတ်လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှုဆိုင်ရာ စုံစမ်းမှု နောက်ဆုံးစီရင်ဆုံးဖြတ်မှု ရလဒ်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန် ပြောကြား

(GMT+08:00)2024-10-31 13:20:08  

အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ ဥရောပသမဂ္ဂမှ တရုတ်လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်းဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှု၏ နောက်ဆုံး စီရင်ဆုံးဖြတ်မှု ရလဒ်နှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးခွန်းတစ်ခုမေးခဲ့သည်။ ယင်း နှင့် ပတ်သက်၍ Lin Jian က စက်မှုလုပ်ငန်းလောက လျှောက်လွှာတင်သွင်းမှု မရှိ သော အခြေအနေတွင် ဥရောပသမဂ္ဂသည် တရုတ်လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး အခွန်မြင့်မားစွာ စည်းကြပ်ခြင်းသည် သိသာထင်ရှားသော ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လုပ်ရပ်ဖြစ်ကြောင်း၊ တရုတ်-ဥရောပ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်နိုင်ပြီး ဥရောပ စားသုံးသူများ၏ အကျိုးစီးပွားကို ထိခိုက်မည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ ၏ အ စိမ်းရောင် အသွင်ကူးပြောင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။