
အောက်တိုဘာလ ၃၀ရက်နေ့က ၇၉ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသည် “ကျူးဘားနိုင်ငံအပေါ် အမေရိကန်မှ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးပိတ်ဆို့မှုများကို အဆုံးသတ်ခြင်း”နှင့်ပတ်သက်ပြီး ယေဘုယျအချေအတင်ဆွေးနွေး ပြုလုပ်ခဲ့ပြီးနောက် A/79/L.6ဆုံးဖြတ်ချက် မူကြမ်းနှင့်စပ်လျဉ်း၍ မဲပေးခဲ့ကြောင်း၊ မဲပေးပွဲ၏ရလဒ်သည် ထောက်ခံမဲ ၁၈၇မဲ၊ ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၁မဲဖြစ်ကာ ၎င်းအနက် အမေရိကန်နှင့်အစ္စရေးတို့သာ ကန့်ကွက်မဲပေး ခဲ့ကြောင်း၊ ယင်းသည် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ၃၂ကြိမ်မြောက် ဆက်တိုက် အတည် ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။








