ဥရောပသမဂ္ဂ ကော်မရှင်သည် ဒေသစံတော်ချိန် အောက်တိုဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ တင်သွင်းသော လျှပ်စစ်ကားများအပေါ် ငါးနှစ်ကြာ နောက်ဆုံး ထောက်ပံ့ကြေးပေးမှု ဆန့် ကျင်ရေးဆိုင်ရာ အခွန်များကို တိုးကောက်မည်ဟု ဆုံးဖြတ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်က သဘောမတူ၊ လက်မခံဘဲ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်း ပွားမှု ဖြေရှင်းရေးစည်းစနစ် အောက်တွင် တရားစွဲဆိုခဲ့ပြီးဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပါသည်။
တရုတ်ပြည်ဘက်က ဘာဖြစ်လို့ သဘောမတူ၊ လက်မခံ ဖြစ်သနည်း။ အကြောင်း ကတော့ ဥရောပဘက်၏ လုပ်ရပ်သည် တရားနည်းလမ်း၊သတ်မှတ်ချက်များ နှင့် မကိုက်ညီဘဲ တရားမျှတစွာ ယဉ်ပြိုင်ခြင်း အမည်ဖြင့် မတရားသော ယှဉ်ပြိုင်မှုကို ပြုလုပ်ခြင်း ဖြစ်ပြီး ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းသည် တရုတ်နှင့် ဥရောပတို့၏ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ထောက်ပံ့မှု ကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မည့်အပြင် ဥရောပ မော်တော်ကား ဝယ်ယူ အသုံးပြု သူ များ၏ အသုံးစရိတ်တွေ ပိုမို တိုးများလာစေကာ ဥရောပ၏ အစိမ်းရောင် အသွင် ကူးပြောင်း ရေးဖြစ်စဉ်ကိုလည်း ထိခိုက်ပြီး စံတင်လောက်သော ကိုယ့်ကိုယ်ကိုလည်း ထိခိုက် သူများကိုလည်း ထိပါးသော လုပ်ရပ်မျိုးပင် ဖြစ်သည်။
ဥရောပသမဂ္ဂ၏ ယင်းလုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တံခါးဖွင့်ရေး၊ တရားမျှတရေးနှင့် အထင်သေးမှု ကင်းမဲ့ရေးမူများကို ကျောခိုင်ပြီး ဥရောပသမဂ္ဂ အစဉ်တစိုက် ဝါဒဖြန့်နေသည့် ဈေးကွက် လွတ်လပ်ရေးမူ၏ ဆန့်ကျင်ဘက်သို့ ရောက်သွားစေသည်။
စီးပွားရေး ရှုထောင့်မှ ကြည့်ပါက ဥရောပသမဂ္ဂ၏ လုပ်ရပ်သည် ရှေးဦးစွာ မော်တော်ကား လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်များ တည်ငြိမ်ခြင်းကို ထိခိုက်မည် ဖြစ်ပြီး ဥရောပ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများနှင့် မော်တော်ကား ဝယ်ယူ အသုံးပြုသူများ၏ အကျိုးစီးပွားကို ထိခိုက်လိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂ၏ လုပ်ရပ်ကြောင့် တရုတ်နှင့် ဥရောပအကြား ရင်းနှီးမြှုပ်နှံရေး ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ထိခိုက်မည် ဖြစ်ပြီး ဥရောပ၏ စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင် သည် စိုးရိမ်ဖွယ်ရာ ကျသွားမည် ဖြစ်သည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ လုပ်ရပ်သည် ဥရောပကိုယ်တိုင်၏ အစိမ်းရောင် အသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် နိုင်ငံတကာ ရာသီဥတု ပြောင်းလဲရေး ရင်ဆိုင်မှုဆိုင်ရာ ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်သွားမည် ဖြစ်ပါသည်။
ဥရောပဘက်သည် ဈေးနှုန်းဆိုင်ရာ ကတိပြုချက်နှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်နှင့် ဆက်လက် တိုင်ပင်ဆွေးနွေးမည်ဟု ဖော်ပြခဲ့ခြင်းကို လူအများက ဂရုပြုနေကြပါသည်။ တရုတ်နိုင်ငံသည် သဘောကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်တစိုက် တိုက်တွန်းနေပြီး ဥရောပ အနေနှင့် တရုတ်နိုင်ငံနှင့် ဦးတည်ချက် တူညီစွာ ဆောင်ရွက်ကာ တစ်ဖက်သား၏ အဓိက အာရုံစိုက်ချက်တွေကို အလေးထား၍ နှစ်ဖက်စလုံး လက်ခံနိုင်ကြသော ဖြေရှင်းရေးအစီအစဉ်ကို အမြန်ဆုံး ရရှိနိုင်ရန် မျှော်လင့်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။