အီရန်အစိုးရသည် လာမည့်နှစ်၏ စစ်ရေးအသုံးစရိတ်ကို ၂၀၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ရန် စီစဉ် ထားကြောင်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာဂျာနီက ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး အစီအစဉ်သည် လွှတ်တော်တွင် အတည်ပြုရန် အစိုးရမှ တင်သွင်းခဲ့သော ဘတ်ဂျက် အဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း မိုဟာဂျရာနီ က ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားခြင်းမရှိ ကြောင်း သိရပါ သည်။