တရုတ် ပြည်နယ်နှင့် ဝန်ကြီးအဆင့် အဓိကခေါင်းဆောင်များ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက်အကြောင်းအရာကို သင်ယူလေ့လာ နှီးနှောဖလှယ်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြား

(GMT+08:00)2024-10-30 13:40:38  

တရုတ်ပြည်နယ်နှင့် ဝန်ကြီးအဆင့် အဓိကခေါင်းဆောင်များ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက်အကြောင်းအရာကို သင်ယူလေ့လာ နှီးနှောဖလှယ်ရေး သင်တန်း ဖွင့်ပွဲ အခမ်း အနားကို အောက်တိုဘာလ ၂၉ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားတွင် အရေးကြီးသော မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ရည်မှန်းချက်အကြောင်းအရာများကို နက်ရှိုင်းစွာ ဆက်တိုက် ဖော်ဆောင်ရမည် ဖြစ်ပြီး ပါတီတစ်ရပ်လုံးနှင့် တစ်ပြည်လုံးမှ ပြည်သူများ ပြုပြင် ပြောင်းလဲရေး ယုံကြည်စိတ်ကို ခိုင်မာစေရန် ဦးဆောင်ကာ ပြုပြင်ပြောင်းလဲရေးကို ရေရှည် တည် ငြိမ်စွာ တိုးတက်အောင် စိတ်တူကိုယ်တူ အင်အား စုစည်းပြီး တွန်းအား ပေးရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တညီ တညွတ်တည်း ဖြစ်အောင် စွဲကိုင်ရပြီး တရုတ် ထူးခြားချက်ဝိသေသ ပါရှိသော ဆိုရှယ်လစ် တရားဥပဒေစိုးမိုးရေး စည်းစနစ်ကို  ပိုမို ကောင်းမွန်ပြည့်စုံလာအောင် အဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးတို့ကို တညီတညွတ်တည်းဖြစ်အောင် စွဲကိုင်ရမည် ဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသို့ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး စနစ်များ ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေကာ ဈေးကွက်ဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ ရှေ့တန်းပြေး စီးပွားရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။