ယခုလ ၂၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်နေသော ဖင်လန် နိုင်ငံသမ္မတ Stubb နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဖင်လန်နိုင်ငံနှင့်အတူ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ရေး၊ ဇီဝမျိုးစုံတည်ရှိမှုထိန်းသိမ်းကာကွယ်ရေး၊ ကမ္ဘာဆက်တိုက်ဖွံ့ဖြိုးရေးနှင့် AI စီမံအုပ်ချုပ်ရေးစသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို လက်တွဲထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့ပါသည်။
Stubb က ဖင်လန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် ဘက်စုံနှီးနှောဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး တွန်းအားပေးရန် အတွက် ဆောင် ရွက် လိုပါကြောင်း ပြောကြားခဲ့ပါသည်။