တရုတ်နှင့် ဇမ်ဘီယာ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်း နှင့်ပတ်သက်၍ ရှီကျင့်ဖိန် နှင့် ဇမ်ဘီယာ သမ္မတ ဟီချီလယ်မာ ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-10-30 10:46:32  

အောက်တိုဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇမ်ဘီယာ သမ္မတ ဟီချီ လယ်မာတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်း အထိမ်း အမှတ်  ဂုဏ်ပြု ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်-ဇမ်ဘီယာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ် ၆၀ အတွင်း နှစ်နိုင်ငံတို့သည် ရိုးသားမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးတွဲ တိုးတက်မှုကို အမြဲစွဲကိုင်ထားကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့ပါသည်။

ဟီချီလယ်မာက တရုတ်-ဇမ်ဘီယာ နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှု၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံသာယာဝပြောမှုကို အခြေခံထားသည့် မိတ်ဖက် ဆက်ဆံမှုသည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုခဲ့ကြောင်း၊ တန်ဇန်းနီးယား-ဇမ်ဘီယာ မီးရထားလမ်းနှင့် Lower Kaifu Gorge ရေအား လျှပ်စစ် ဓာတ်အားပေးစခန်းတို့ကဲ့သို့ သော ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များတွင် အောင်မြင်မှုရလဒ်များကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ ပါသည်။