ယခုလ ၃၀ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဥရောပသမဂ္ဂမှ တရုတ်လျှပ်စစ်ကားများအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့် ကျင်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုသည် တရားနည်းလမ်း၊ သတ်မှတ်ချက်များနှင့် မကိုက်ညီစရာ များပြားသည်ဟု တရုတ်ပြည်ဘက်မှ ကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ တရားမျှတစွာ ယှဉ် ပြိုင်ခြင်း အမည်ဖြင့် တရားမျှတမှုကင်းမဲ့စွာ ယှဉ်ပြိုင်သည့် ကိုယ်ကျိုး စီးပွား ကာကွယ်ရေး လုပ်ရပ် ပင်ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် စီရင်ဆုံးဖြတ်ချက်ရလဒ်ကို သဘောမတူ၊ လက်မခံဘဲ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းရေးစည်းစနစ် အောက်တွင် တရားစွဲဆိုခဲ့ပြီ ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပသမဂ္ဂမှ တရုတ်လျှပ်စစ်ကား များအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှုဆိုင်ရာ စုံစမ်းမှု နောက်ဆုံးစီရင် ဆုံးဖြတ်မှု ရလဒ်အပေါ် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက တုံ့ပြန် ပြောကြား
(GMT+08:00)2024-10-30 13:37:35