"တရုတ် သူလျှို" ဆိုတဲ့ မဟုတ်မမှန် သတင်းကိုပြန်ဖြန့်တာ၊ အမေရိကန် ဘာကို လုပ်ချင် တာလဲ

(GMT+08:00)2024-10-30 10:16:45  

   အခုလောလောဆယ်မှာ The Wall Street Journal ၊ New York Times စတဲ့ အမေရိကန် မီဒီယာတစ်ချို့မှာ "တရုတ် သူလျှို ခြိမ်းခြောက်မှု" ဆိုတဲ့ မဟုတ်မမှန် သတင်းကိုပြန်ဖြန့်ပြီး "တရုတ် ဟက်ကာများက အမေရိကန် ဆိုက်ဘာသို့ ကျူးကျော်ဝင်ရောက်ခြင်း" စတာတွေကို ပုတ်ခတ် ပြောဆိုခဲ့ကြတယ်။ အဲဒီမီဒီယာတွေက သူတို့ ထုတ်ပြန်တဲ့ သတင်းတွေ စစ်မှန်တဲ့ အဖြစ်မှန် ဖြစ်တယ်လို့ ဆိုကြပေမယ့် သူတို့ ဆိုကြတဲ့ အဖြစ်မှန် ဆိုတာ ခိုင်ခံ့တဲ့ အထောက် အထားတွေ မရှိတာကြောင့် စစ်မှန်တယ် ဆိုတာကိုလည်း ယုံဖို့ခက်ပါတယ်။

   ဒါဟာ အမေရိကန်က ပထမဆုံးအကြိမ် တရုတ်နိုင်ငံအား "တရုတ် သူလျှို  ခြိမ်းခြောက်မှု " ဆိုတဲ့ အမည်ဆိုးကို တပ်ပေးခဲ့တာ မဟုတ်ဘူး။ ၂၀၁၈ ခုနှစ်က အမေရိကန် တရားရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ တရုတ်နိုင်ငံအား ဘက်စုံ ဖိနှိပ်‌ဟန့်တားရေး မူဝါဒနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့အတွက် "China Initiative အစီအစဉ်"တစ်ရပ်ကို ကျင့်သုံးပြီး တရုတ်ကျွမ်းကျင်ပညာရှင်အချို့ကို ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခဲ့ကာ "တရုတ် သူလျှို" မှုခင်းဆိုတာတွေကို လုပ်ကြံဖန်တီးခဲ့တယ်။ ဒါပေမယ့် အထောက်အထားတွေကို ရှာမတွေ့လို့၊ ပြီးတော့ အမေရိကန် သုတေသနလောကမှ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ခံခဲ့ရလို့ ၂၀၂၂ ခုနှစ်မှာ အမေရိကန် တရားရေး ဝန်ကြီးဌာနက မတတ်သာပဲ အဲဒီ အစီအစဉ်ကို အဆုံးသတ်ကြောင်း ကြေညာခဲ့ရတယ်။ ဒါပေမယ့် ဒီနှစ် စက်တင်ဘာလမှာ အမေရိကန် အောက်လွှတ်တော်က Texas ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီ အမတ် Lance Goodenမှ တင်ပြခဲ့တဲ့ ဥပဒေကြမ်း တစ်ခုကို အတည်ပြုခဲ့ပြီး အမေရိကန် ပညာမူပိုင်ခွင့်နဲ့ သုတေသနဌာနအပေါ် သူလျှို လှုပ်ရှားမှုများကို တားမြစ်မယ်လို့ ဆိုကာ "China Initiative အစီအစဉ်"ကို ပြန်လည် အသက်ဝင်စေဖို့ ကြံစည်ခဲ့တယ်။ ဆိုလိုတာက အမေရိကန် နိုင်ငံရေးသမား အချို့ဟာ တရုတ်နိုင်ငံအား ဆန့်ကျင်ရေးကို နိုင်ငံရေးဆိုင်ရာ "လောင်းကြေး"အဖြစ် ထားနေပြီ ဖြစ်ပြီး မဟုတ်မမှန် ပြစ်မှုတွေကို အကြိမ်ကြိမ် လုပ်ကြံဖန်တီးကာ ပြည်တွင်းမှာ တရုတ်နိုင်ငံအား ရန်ငြိုးထားတဲ့ အငွေ့အသက်များကို ဖန်တီးပေးနေကြတယ်။

   အမေရိကန်က "တရုတ် သူလျှို" ဆိုတဲ့ မဟုတ်မမှန် သတင်းကို ဘယ်လိုပဲ ဖြန့်ဖြန့် သူတို့ရဲ့ အဖြူကိုအမည်းဖြစ်အောင် ပြုလုပ်နေခြင်းကို ဖုံးကွယ်နိုင်မှာ မဟုတ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။