အမေရိကန်သည် တရုတ်အဖွဲ့အစည်းများအပေါ် ပို့ကုန်ထိန်းချုပ်ရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခြင်းနှင့်ပတ်သက်၍ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြင်းထန်စွာ မကျေမနပ်ဖြစ်ပြီး ပြတ်သားစွာကန့်ကွက်

(GMT+08:00)2024-10-29 15:16:27  

အောက်တိုဘာလ ၂၈ ရက်နေ့တွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက အမေရိကန်သည် တရုတ်အဖွဲ့အစည်းများအပေါ် ပို့ကုန်ထိန်းချုပ်ရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

 တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက အမေရိကန် သည် စစ်ရေးနှင့်ပတ်သက်သည်၊ အီရန်နှင့်ဆက်နွှယ်သည်ဟူသော အကြောင်း ပြချက်ဖြင့် တရုတ်အဖွဲ့အစည်း ၆ ခုကို  “ entity list ” တွင် ထည့်ထား သည့် အပြင် တရုတ် အဖွဲ့အစည်း ၃ ခုကို  “ unverified list ” တွင် ထည့်ထား ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ် သားသား ကန့်ကွက်ကြောင်း၊ အမေရိကန် သည် ပို့ကုန် ထိန်း ချုပ်ရေး အစီအမံများ အလွဲသုံးစားလုပ်ကာ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းများကို ဖိနှိပ်ချုပ်ချယ်၍ စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုး စီးပွားများကို ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်၏လုံခြုံတည်ငြိမ်ရေးကို ထိခိုက်စေခဲ့ကြောင်း၊  တရုတ်နိုင်ငံသည် ၎င်း၏ မှားယွင်းသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် အမေရိကန်အား တိုက်တွန်းပြီး တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ် သားသား ကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ ပါသည်။