တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ယဉ်ကျေးမှု အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ၁၇ ကြိမ်မြောက် စုပေါင်း လေ့လာသင်ယူ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ပါတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုအကြိမ် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။
ရှီကျင့်ဖိန်က ၂၀၃၅ ခုနှစ်တွင် ယဉ်ကျေးမှု အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်လာ အောင် တည်ဆောက်ရေး ရည်မှန်းချက်ကို စွဲကိုင်ပြီး မာ့က်စ်ဝါဒ ဖြစ်သည့် အရင်းခံ လမ်း ညွှန် အတွေးအခေါ်ကို စွဲကိုင်ကာ ကြွယ်ဝ နက်ရှိုင်းသော တရုတ် ယဉ်ကျေးမှုကို အရင်း အမြစ်အဖြစ် ထား၍ သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ရေစီး ကြောင်း နှင့် တစ်ပြေးညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အားကောင်းသော အတွေးအခေါ် ဦးဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ စည်းလုံးညီညွတ်မှု၊ တန်ဖိုးအမြင်ဆိုင်ရာ ဆော်သြမှုနှင့် နိုင်ငံ တကာမှာ သြဇာသက်ရောက်မှုရှိသော ခေတ်သစ်တွင် တရုတ် ထူးခြား ချက် ဝိသေသ ပါရှိ သော ဆိုရှယ်လစ် ယဉ်ကျေးမှု အဆက်မပြတ် တိုးတက် လာအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ပြည်သူ့စိတ်ဓာတ် အင်အားကို ဆက်တိုက် မြှင့်တင်ကာ အင်အား တောင့် တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန် ရေး၏ ယဉ်ကျေးမှု အခြေခံအုတ် မြစ်များကို ခိုင်ခံ့အောင် တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။