အောက်တိုဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားဘုရင် Sihamoni အား ထီးနန်းဆက်ခံခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် အေးအတူပူအမျှ အချင်းချင်း ကူညီကြသည့် အမာခံ မိတ်ဆွေများဖြစ်ကြောင်း၊ မိမိအနေနှင့် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး မဟာ ဗျူဟာ မြောက် ဦးဆောင်မှုကို အားကောင်းစေရန်နှင့် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး မြှင့်တင်ပြီး အောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရန် ဘုရင် Sihamoni နှင့် လက်တွဲ ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ ပါသည်။