တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးတွင် အကြိမ် ၂၀ မြောက် ပါတီဗဟိုကော်မတီ တတိယအကြိမ် လှည့်လည်စစ်ဆေးရေး အခြေအနေဆိုင်ရာ အထွေထွေ အစီရင်ခံစာကို စိစစ်ဆွေးနွေး

(GMT+08:00)2024-10-28 15:48:32  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အစည်းအဝေးကို ကျင်းပပြီး အကြိမ် ၂၀ မြောက် ပါတီဗဟိုကော်မတီ တတိယအကြိမ် လှည့်လည်စစ်ဆေးရေး အခြေအနေဆိုင်ရာ အထွေထွေ အစီရင်ခံစာကို စိစစ်ဆွေးနွေးခဲ့ပါသည်။ ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

   ယခုအကြိမ် အစည်းအဝေးတွင် အဆင့်ဆင့်သော ပါတီကော်မတီများ အနေနှင့် နိုင်ငံရေး ဆိုင်ရာ တာဝန်ဝတ္တရားများကို ပိုမို ကောင်းမွန်စွာ ထမ်းဆောင်ရမည် ဖြစ်ပြီး အခက် အခဲ များကို ကျော်လွှား၍ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အကြိမ် ၂၀ မြောက် ပါတီ ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ အစီအမံများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး တာဝန်များကို စွဲစွဲမြဲမြဲ ထိထိရောက်ရောက် ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံ ရေး လုပ်ငန်းများကို တစ်ပြိုင်တည်း ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ပြီး အဓိက လုပ်ငန်း နယ်ပယ်များမှ အန္တရာယ်များ ကာကွယ် ဖြေရှင်းရေးကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု ဖြစ်စေနိုင်သည့် အခြေအနေ ကင်းမဲ့အောင် ဆောင်ရွက်ပြီး အဂတိလိုက်စားမှု ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းကို ပုံမှန် ရေရှည် ဆက်တိုက် ဆောင်ရွက်ခြင်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။