မြောက်ကိုရီးယားသည် ပြုံယမ်းသို့ တောင်ကိုရီးယားဒရုန်း ဝင်ရောက်မှု၏ နောက်ဆုံး ကင်းထောက် ရလဒ်များကို ထုတ်ပြန်

(GMT+08:00)2024-10-28 15:37:55  

ယခုလ ၂၇ ရက်နေ့က မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့် ရှိသူက ပြုံယမ်းသို့ တောင်ကိုရီးယား ဒရုန်းဝင်ရောက်မှု၏ နောက်ဆုံး ထောက် လှမ်းမှု ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ရလဒ်များအရ မြောက်ကိုရီးယားမြို့တော်တွင် တွေ့ရှိသော တောင် ကိုရီးယားမှ လွှတ်တင်သည့် ဒရုန်းများ၏ စတင်ပျံသန်းခြင်းနေရာ၊ ဝင်ရောက်မှု လမ်း ကြောင်းနှင့်ဝင်ရောက်ခြင်း ရည်ရွယ်ချက်များကို အတည်ပြုခဲ့ကြောင်းသိရပါသည်။

မြောက်ကိုရီးယား ကင်းထောက်အဖွဲ့သည် ပျက်ကျခဲ့သည့် ဒရုန်းအပျက်အစီးများ၏ပျံသန်းမှု ထိန်းချုပ်မှု module ကို ဖြုတ်ချပြီး ဒရုန်းပျံသန်းမှု အစီအစဉ်နှင့် ပျံသန်းမှုမှတ်တမ်းတို့ကို ဘက်စုံစစ်ဆေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဒရုန်းပျံသန်းမှု ထိန်းချုပ်ရေးဆော့ဖ်ဝဲလ်၏ စစ်ဆေးမှု ရလဒ်များအရ တောင်ကိုရီးယား စစ်တပ်သည် ခွင့်ပြုချက်မရှိဘဲ ပြုံယမ်းသို့ ဒရုန်းများကို လွှတ်တင်ပြီးနောက် တာဝန်မဲ့ ရှောင်လွှဲ နေသော်လည်း ၎င်း၏ ရန်စသည့်အပြုအမူကို မငြင်းဆိုနိုင်ခဲ့ ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။