အောက်တိုဘာလ ၂၇ရက်နေ့ ညနေပိုင်းက Air China ၏ ရှန်ဟိုင်း-ဟနွိုင်း လေကြောင်းလိုင်း စတင်လည်ပတ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်၊ဗီယက်နမ်အကြား ပျံသန်း သော လေကြောင်းလိုင်း အခု ၅၀မြောက် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထိုနေ့တွင် ပထမဆုံး Air China၏ ရှန်ဟိုင်း-ဟနွိုင်းလေကြောင်းလိုင်းကို ပျံသန်းသော လေယာဉ်သည် ဟနွိုင်းသို့ ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် လေယာဉ်မှူး အဖွဲ့ဝင်များ ကို ဟနွိုင်းလေဆိပ်မှ လှိုက်လှဲစွာ ကြိုဆို ခဲ့ကြပါသည်။
ဗီယက်နမ်ခရီးသွားဌာနမှ စာရင်းအရ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ဗီယက်နမ်သို့ ဝင်ရောက်ခဲ့သော တရုတ်ခရီးသည်ဦးရေ ၂သန်း ၇သိန်းကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၄၁ ရာခိုင်နှုန်းတိုးများလာကြောင်း သိရပါသည်။