ပါလက်စတိုင်းဟားမတ်စ်အဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ဟားမတ်စ်သည် ထိုနေ့တွင် ဒိုဟာ၌ ပြန်လည်စတင်ခဲ့သော ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၏ ရလဒ်ကို စောင့် ဆိုင်းနေကြောင်း၊ ယင်းရလဒ်များသည် ဟားမတ်စ်၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှု ရှိမရှိ ဟူ သည်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်း ထောက်က ဒေသစံတော်ချိန်အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းရရှိခဲ့ပါသည်။
ဟားမတ်စ်၏ မျှော်မှန်းချက်သည် ကြာရှည်စွာ တစ်သမတ်တည်း ဖြစ်နေကြောင်း၊ ယင်း သည် အစ္စရေး အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်မှ အပြည့်အဝ ဆုတ်ခွာရေးနှင့် အိုးမဲ့ အိမ်မဲ့ အားလုံးကို ၎င်းတို့၏ နေရပ်များသို့ ပြန်လာရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင် ရာ အကူအညီများ တိုးမြှင့်ရေးနှင့် စစ်ပြီးကာလ ဂါဇာတွင် ပြန်လည်တည်ဆောက်ရေး အတွက် အထောက်အပံ့များ တိုးမြှင့်ပေးရေးတို့ဖြစ်ကြောင်း ယင်းအရာရှိက ပြောကြား ခဲ့ သည်။
ထိုနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့သည်။ ဆွေးနွေးပွဲတွင် ကာတာ၊ အီဂျစ်၊ အမေရိကန်နှင့် အစ္စရေးတို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သော်လည်း ဟားမတ်စ်ဘက်က ကိုယ်စားလှယ် စေလွှတ် ခြင်း မရှိ ခဲ့ကြောင်း သိရပါသည်။