Halloween ကျရောက်ရန် နီးကပ်လာသည်နှင့်အမျှ အမေရိကန် နယ်မြေစီမံခန့်ခွဲရေး ဦးစီးဌာန သည် လင်းနို့"အလှပြိုင်ပွဲ"ကျင်းပပြီး ရည်ရွယ်ချက်မှာ ဤ နို့တိုက်သတ္တဝါမျိုးအား ထိန်းသိမ်းစောင့်ရှောက်မှုကို တွန်းအားပေးရန် ဖြစ်ကြောင်း ဆင်ဟွာ သတင်း အရသိရပါသည်။
၂၀၁၉ ခုနှစ်မှစ၍ အမေရိကန် နယ်မြေစီမံခန့်ခွဲရေးဦးစီးဌာနသည် နှစ်စဉ် Halloween မတိုင်မီ ယင်းပြိုင်ပွဲကို ကျင်းပပြီး လူများအား မဲပေးရွေးချယ်ရန်အတွက် လူမှု မီဒီယာ ပလက် ဖောင်း"Facebook" နှင့် "Instagram"များတွင် လင်းနို့ဓာတ်ပုံများကို တင်ထားလေ့ ရှိပါ သည်။