ရှီကျင့်ဖိန်သည် Kiribati နိုင်ငံ သမ္မတအဖြစ် ဆက်လက် အရွေးခံရသော Maamau အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-10-28 15:40:03  

အောက်တိုဘာလ ၂၇ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် Kiribati နိုင်ငံ သမ္မတအဖြစ် ဆက်လက် အရွေးခံရသော Taneti Maamau အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် Kiribati နိုင်ငံ တို့သည် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီ အစ်ကို ကောင်းဖြစ်ကြကြောင်း၊ ၂၀၁၉ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ပြန် လည်ထားရှိလာပြီးသည့်နောက်ပိုင်း နှစ်နိုင်ငံ နိုင်ငံရေး အပြန် အလှန် ယုံကြည်မှု အဆက်မပြတ် တိုးမြင့်လာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များ ရရှိကာ လူမှုယဉ်ကျေးမှုနှင့် ဒေသန္တရ ကူးလူးဖလှယ်ရေး ရင်းနှီးလာ၍ တစ်ဖက်သား၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီးသည့် ရေးရာများအပေါ် တစ်လျှောက်လုံး အပြန်အလှန် နားလည် ထောက်ခံကြောင်း၊ မိမိသည် နှစ်နိုင်ငံ ဆက်ဆံ ရေး တိုးတက်မှုကို လွန်စွာ အလေးထားကာ အဆွေတော်သမ္မတနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် တည် ငြိမ်စွာ တိုးတက်ရန် တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသော ချမ်းသာသုခများ ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။