"ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်များ ကောက်နုတ်ချက်" စာအုပ်ကို ဖြန့်ချိ ထုတ်ဝေ

(GMT+08:00)2024-10-28 15:34:41  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် မော်ကွန်းဝင်စာတမ်းများ သုတေသနအဖွဲ့မှ တည်းဖြတ်ပြုစုထားသော  "ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်များ ကောက်နုတ်ချက်" စာအုပ်ကို မကြာမီက တစ်ပြည်လုံး၌ ဖြန့်ချိ ထုတ်ဝေခဲ့ပါသည်။ ယင်းစာအုပ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အထိ ရှီကျင့်ဖိန်၏ အစီရင်ခံစာများ၊ မိန့်ခွန်းများ၊ ပြောကြားချက်များ၊ ညွှန်ကြားချက်များ အပါအဝင် စုစုပေါင်း အရေးကြီး စာတမ်း အပုဒ် ၁၄၀ ကျော် ပါဝင်ထားပါသည်။ 

   တရုတ်နိုင်ငံ၏ ကျန်းမာရေးလုပ်ငန်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် ရှီကျင့်ဖိန်၏ အရေးကြီးသည့် ထုတ်ဖော်ပြောဆိုချက်များ အမြော်အမြင် ရှိပြီး အနက် အဓိပ္ပာယ် ကြွယ်ဝကာ အတွေးအခေါ် နက်ရှိုင်းပါကြောင်း၊ ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ကျန်းမာရေး လုပ်ငန်း တိုးတက်မှု တွန်းအားပေးရန်နှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရေး အတွက် ခိုင်ခံ့သော အခြေခံ အုတ်မြစ်များ ချထားပေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။