ရှီးဇန့် မန်ကန်ဒေသရှိ ထောင်စုနှစ် ဆားကွင်းသည် ရှေးဟောင်းရွာ၏ တက်ကြွမှုအသစ်ကို ပြသနေ

(GMT+08:00)2024-10-28 15:45:47  

လန်ချန်းမြစ် နံဘေးတွင် တည်ရှိသော မန်ကန် ခရိုင် နန်ဇီ တိုင်းရင်းသားရွာတွင် နှစ်ပေါင်း ၁၃၀၀ ကျော် သမိုင်းကြာမြင့်ခဲ့သည့် ဆားကွင်း ရှိပါသည်။ ရွာသူရွာသားများသည် လန်ချန်းမြစ်ကမ်းနားရှိ ဆားကန်များမှ ဆားရည်များယူ၍ ဆားကွင်းထဲသို့ လောင်းထည့်ကာ နေပူတွင် အခြောက် ခံပြီး နောက် ဆားအဖြစ် ပြု လုပ်ကြပါသည်။