တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် ဒီပီပီ အာဏာပိုင်အား သတိပေးပြောကြား

(GMT+08:00)2024-10-28 15:46:49  

မကြာခင်က ထိုင်ဝမ်အား လက်နက်များ ထပ်မံ  ရောင်းချရန် စီမံကိန်းကို အမေရိကန်မှ ကြေညာခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာ၌ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Zhu Feng Lian က တရုတ်ထိုင်ဝမ်ဒေသအား အမေရိကန်မှ လက်နက်များ ရောင်းချခြင်းကို မိမိတို့ ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ၄င်းရပ်တည်ချက်မှာ အစဉ်တစိုက် ဖြစ်ပြီး ရှင်းလင်းပြတ်သားတာ ဖြစ်ကြောင်း၊ လက်နက်များဝယ်ယူခြင်းသည် လုံခြုံရေးကို မဝယ်ယူ နိုင်ဘဲ ထိုင်ဝမ်အား ပိုမိုအန္တရာယ်ဖြစ်စေမည်သာဖြစ်ခြင်းကို  Lai qing de အာဏာပိုင် အား သတိပေး ပြောကြားလိုကြောင်း ပြောကြားခဲ့ပါသည်။