ဒုတိယအကြိမ် ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီအရေအတွက်မှာ ပထမအကြိမ်ကထက် ၂၀ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-10-28 15:44:55  

 

ဒုတိယအကြိမ် ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက် ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဘေကျင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်မှု မြှင့်တင် ရေး ကောင်စီ ဒုဥက္ကဋ္ဌ ကျန်းလျှောက်ကမ်းက အောက်တိုဘာလ၂၈ ရက်နေ့က ကျင်း ပခဲ့ သော တရုတ်နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးမှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ ယခု အကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ “ကမ္ဘာကို ချိတ်ဆက်ကာ အနာဂတ် ကို အတူတူ ဖန်တီး ကြအောင်” ဖြစ်ပြီး နိုင်ငံတကာ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန် အာရုံစူးစိုက်မည် ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ နိုင်ငံရေး နှင့် စီးပွားရေး လောကမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်တွင် ကျင်းပမည့် ကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မည်ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက် တည်ငြိမ် ချောမွေ့ရေး ဘေကျင်း အဆို ပြုချက်ကို ထုတ်ပြန်မည် ဖြစ်ကာ အမျိုးမျိုးသော လှုပ်ရှားမှု ၃၀၀ ကျော်ကိုလည်း ကျင်းပမည် ဖြစ်ပါသည်။