၁၃၆ ကြိမ်မြောက် ကွမ်ကျိုး သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကွမ်ကျိုး မြို့၌ ကျင်းပနေပြီး Belt and Road လက်တွဲ တည်ဆောက်ရေး နိုင်ငံ အမြောက်အမြား ပါဝင်နေကြပါသည်။ စာရင်းအရ ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသနေသော Belt and Road လက်တွဲ တည်ဆောက်ရေး နိုင်ငံ ၃၃ နိုင်ငံမှ လုပ်ငန်းကုမ္ပဏီ ၄၇၆ ခု ရှိပြီး ကုန်စည်ပြပွဲ၏ သွင်းကုန်ပြသဇုန်တွင် ခင်းကျင်းပြသနေသော လုပ်ငန်းကုမ္ပဏီ စုစုပေါင်း ပမာဏ၏ ၆၅.၂ ရာခိုင်နှုန်း ဖြစ်ကာ လွန်ခဲ့သည့် အကြိမ် ကုန်စည်ပြပွဲကထက် ၈.၈ ရာခိုင်နှုန်း တိုးများလာသည်။ ကုန်စည်ပြပွဲတွင် စမတ် ဆန်းသစ်တီထွင်ရေး၊ ညစ်ညမ်းမှု ကင်းမဲ့ပြီး ကာဗွန် ထုတ်လွှတ်မှု နည်းပါးသော အိမ်သုံးကုန်ပစ္စည်းများသည် Belt and Road လက်တွဲ တည်ဆောက်ရေး နိုင်ငံများမှ ကုန်သည် အမြောက်အမြားကို ဆွဲဆောင်နေသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။