လက်ရှိအချိန်တွင် ဂါဇာဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေပြီး ဂါဇာရှိပြည်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်လျက်ရှိနေပါသည်။ ဂါဇာ အလယ်ပိုင်းဒေသရှိ Deir al Balah တွင် ဒုက္ခသည်အများအပြားသည် နေ့တိုင်း မုန့်ပြားဝယ်ရန် တန်းစီစောင့်ဆိုင်းရကြပြီး “တခါတရံမှာ ၄ နာရီမှ ၆ နာရီအထိ စောင့်ရသော်လည်း ဘာမှမရပါ”ဟု ဒုက္ခသည်တစ်ဦးက ပြောခဲ့သည်။
ဒေသခံတစ်ဦးက ဟင်းသီးဟင်းရွက်နှင့် လောင်စာများကို ဈေးကွက်တွင် မရနိုင်တော့ဘဲ၊ ဂျုံမှုန့်တစ်ထုပ်က ကန်ဒေါ်လာ ၅၀ကျော် ပေးရမည်ဖြစ်ပြီး ဂျုံမှုန့်ထဲတွင် ပိုးများပြည့်နေကြောင်း၊ မိသားစုတစ်စုလုံးက မှုန့်ပြားတစ်ချပ်သာ စားနေရကာ ညနက်သန်းခေါင်တွင် ဗိုက်ဆာကြောင့် မနိုးလာစေရန်သာ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။