အစ္စရေး ကာကွယ်ရေးတပ်သည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ ဆက်တိုက် ပြင်းထန်ဆိုးရွားလာခြင်းကို စိုးရိမ်ကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ဂူတာရက်စ်က အခြေအနေ ပြင်းထန်လာစေသည့် လုပ်ရပ် အားလုံးကို ပြစ်တင်ရှုတ်ချသင့်ပြီး ယင်းလုပ်ရပ်များကို ရပ်စဲရကြောင်း ပြောကြားခဲ့သည်။ ဘက်အသီးသီးတို့ အနေနှင့် ဂါဇာဒေသနှင့် လက်ဘနွန်မှာအပါအဝင် စစ်ဆင်ရေးအားလုံးကို ရပ်စဲပြီး ဒေသတွင်းစစ်ပွဲများ ကျယ်ပြန့်စွာ ဖြစ်ပွားခြင်းကို အစွမ်းကုန် တားဆီးရန်နှင့် သံတမန်ရေးရာ ညှိနှိုင်းမှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် ဂူတာရက်စ်က အရေးတကြီး ထပ်လောင်းပန်ကြားခဲ့ပါသည်။